Friday 24 July 2015

နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ

နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ
=============================
နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့် အဆီများ အနည်ကျလာတဲ့အခါ သွေး ကြောကျဉ်းလာပြီး သွေးထဲရှိအောက်စီဂျင်တွေက နှလုံး ထံသို့အချိန်မီ မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့်အောက်စီဂျင်တို့ပြတ်လပ်မှုကြောင့် နှလုံးကြွက်သား တွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ရင်ဘတ်အောင့် ခြင်း၊ အမောမခံနိုင်ခြင်း၊ နှလုံးသွေးကြောရုတ်တရက်ပိတ် ၍ သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။ 

အထူးသဖြင့် ဝမ်း ဗိုက်အဆီများသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် နှလုံးအဆီပိတ်ရောဂါဖြစ်ဖို့  အခွင့်အရေးပိုများလာပါ တယ်။ ဒါ့ပြင် နှလုံးသွေးကြောကျဉ်း ရောဂါဟာ အဆီအ စားများသူတွေမှာဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်တို့၏အဆီ များ၊ အရေခွံများ၊ ဟင်းအဆီအနှစ်များ၊ ချိုလွန်းငန်လွန်း သောဟင်းလျာနှင့်အစားအသောက်များ၊ထောပတ်၊ နို့ မလိုင် စသည့် အဆီအဆိမ့်များကို အလွန်အကျွံစားသုံး ခြင်းတို့ကြောင့် အဆိုပါရောဂါဖြစ်ပွားပြီး ဆေးလိပ်သောက် သူ၊ သွေးတိုးရှိသူ၊ သွေးချိုဆီးချိုရှိသူ၊ အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ မိဘမျိုး ရိုးမှာ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူ၊ ရက်လတာရှည် အိပ်ရေးမဝသူ၊ ဒေါသကြီးသူ၊ သောကများ သူ၊ အသက်အရွယ်ကြီးရင့်သူ တွေသာမက အရက်အလွန် အကျွံသောက်သုံးသူများ တွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အကယ်၍ ဝမ်းဗိုက်အဆီများသူများအနေဖြင့်နှလုံးသွေး ကြောပိတ်ဆို့ခြင်းမှကာကွယ်ရန်အတွက် 

(၁) Liposlim (ခေါ်) အဆီချေသည့်စက်ဖြင့် ဝမ်းဗိုက်အဆီများကိုလျှော့ ချပေးသည့်နည်း၊ 

(၂) Body Firming (ခေါ်) အဆီသိပ် မများဘဲ ဝမ်းဗိုက်သားတွဲကျနေသူများကို စက်ပစ္စည်းအ ကူအညီဖြင့် တင်းရင်းအောင် ပြုလုပ်ပေးသည့်နည်းများ ကို အသုံးပြုနိုင်ပါတယ်။ ၄င်းနှစ်နည်းအနက် မည်သည့်နည်း ကိုပဲသုံးသုံး အစား အသောက်ထိန်းခြင်းကို တွဲဖက်ပြုလုပ် နိုင်ပါမှ ထိုစက်ပစ္စည်းများဖြင့် ဝမ်းဗိုက်အဆီချခြင်းကို ပိုမို ထိရောက်စေမှာဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဟာ ကမ္ဘာတစ်ဝန်း သေ ပျောက်မှု အများဆုံးဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်း ကြောင့် တစ်နှစ်ကို လူဦးရေ ၆ဒသမ၃သန်း သေဆုံးနေ ကြရကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ အောက် ပါ ဝေဒနာငါးရပ်က နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ ပြေး လက္ခဏာများ ဖြစ်တာကြောင့် မိမိကိုယ်ကိုဆန်းစစ် ကြည့်သင့်ပါတယ်။

(၁) ရင်ဘတ်အောင့်ခြင်း
*************************
နှလုံးသွေးလွှတ်ကြောတွေက လက်မောင်း၊ နောက် ကျော၊ အစာအိမ်၊ လည်ပင်း၊ မေးရိုးတွေနှင့် ဆက်စပ်နေ တာမို့ နှလုံးသွေးကြောပိတ်တဲ့အခါ ထိုနေရာတွေမှာပါ အောင့်သက်သက်နှင့် နာကျင်လာတတ်ပါတယ်။ အဆိုး ရွားဆုံးခံစားချက်မှာ နှလုံးထံသို့ သွေးမရောက်နိုင်တာ ကြောင့် ရင်ဘတ်ရဲ့ အလယ်ကောင် တည့်တည့် (ရင်ခေါင်း) ပိုင်းက ထိုးအောင့်လေ့ရှိပါတယ်။ ဒါ့အပြင် ရင်ခေါင်းပိုင်းက လေးလံတစ်ဆို့တဲ့ဝေဒနာကိုလည်း ခံစားရတတ်ပါ တယ်။ ဒါကြောင့် ရင်ဘတ်အောင့်တဲ့အခါ မပေါ့ဆဘဲ အ ချိန်မီ ဆေးစစ်ခံသင့်ပါတယ်။

(၂) ခက်ခက်ခဲခဲ အသက်ရှူရခြင်း
*********************************
နှလုံးထဲမှာ သွေးအလုံအလောက်မရှိကြတော့ဘဲ ထို သွေးတွေက အဆုတ်ထဲမှာ သွားရောက်စုပုံနေတာကြောင့် အဆုတ်နေရာကအောင့်၍ ချောင်းဆိုကာ ခက်ခဲပင်ပန်း စွာ အသက်ရှူရတတ်ပါတယ်။ မကြာခဏဆိုသလို အသက် ရှုမဝခြင်း၊ နေ့စဉ်တက်နေကျလှေကားတွေပေါ် လျှောက် လှမ်းတက်ရုံမျှဖြင့် အလွန်တရာမောဟိုက်လာခြင်း၊ နိစ္စ ဓူဝ ပုံမှန်လှုပ်ရှားသွားလာခြင်းဖြင့် သိသိသာသာမောပန်း နွမ်းနယ်ခြင်းတို့ကလည်း နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ပတ်သက်နေပါတယ်။

လုံးသွေးလွှတ်ကြောတွေက လက်မောင်း၊ နောက် ကျော၊ အစာအိမ်၊ လည်ပင်း၊ မေးရိုးတွေနှင့် ဆက်စပ်နေ တာမို့ နှလုံးသွေးကြောပိတ်တဲ့အခါ ထိုနေရာတွေမှာပါ အောင့်သက်သက်နှင့် နာကျင်လာတတ်ပါတယ်။ အဆိုး ရွားဆုံးခံစားချက်မှာ နှလုံးထံသို့ သွေးမရောက်နိုင်တာ ကြောင့် ရင်ဘတ်ရဲ့ အလယ်ကောင် တည့်တည့် (ရင်ခေါင်း) ပိုင်းက ထိုးအောင့်လေ့ရှိပါတယ်။ ဒါ့အပြင် ရင်ခေါင်းပိုင်းက လေးလံတစ်ဆို့တဲ့ဝေဒနာကိုလည်း ခံစားရတတ်ပါ တယ်။ ဒါကြောင့် ရင်ဘတ်အောင့်တဲ့အခါ မပေါ့ဆဘဲ အ ချိန်မီ ဆေးစစ်ခံသင့်ပါတယ်။

(၂) ခက်ခက်ခဲခဲ အသက်ရှူရခြင်း
*********************************
နှလုံးထဲမှာ သွေးအလုံအလောက်မရှိကြတော့ဘဲ ထို သွေးတွေက အဆုတ်ထဲမှာ သွားရောက်စုပုံနေတာကြောင့် အဆုတ်နေရာကအောင့်၍ ချောင်းဆိုကာ ခက်ခဲပင်ပန်း စွာ အသက်ရှူရတတ်ပါတယ်။ မကြာခဏဆိုသလို အသက် ရှုမဝခြင်း၊ နေ့စဉ်တက်နေကျလှေကားတွေပေါ် လျှောက် လှမ်းတက်ရုံမျှဖြင့် အလွန်တရာမောဟိုက်လာခြင်း၊ နိစ္စ ဓူဝ ပုံမှန်လှုပ်ရှားသွားလာခြင်းဖြင့် သိသိသာသာမောပန်း နွမ်းနယ်ခြင်းတို့ကလည်း နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ပတ်သက်နေပါတယ်။

(၃) ပျို့အန်ခြင်း
***************
နှလုံးသွေးကြောပိတ်ဆို့တဲ့ဝေဒနာရှင်အများစုမှာ အီလည်လည်ဝေဒနာခံစားရပြီး မကြာခဏပျို့အန်လေ့ရှိ ပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါဆန်ဆန် လေတွေ အန်ခြင်းကလည်း နှလုံးသွေးကြောပိတ်ခြင်းရဲ့နောက်ဆက် တွဲဝေဒနာတွေပဲ ဖြစ်ပါတယ်။

(၄) ခေါင်းမူးခြင်း
*****************
နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့် ဦးနှောက်ထဲ ကိုအောက်စီဂျင် ပြတ်လပ်လာကာ ခေါင်းမူးဝေခြင်းကိုဖြစ် စေပါတယ်။ အရာရာတိုင်းမှာ ရတက်မအေးဘဲ စိတ်စော နေသူများ စိတ်ပင်ပန်းနွမ်းနယ် နေသူများ ကလည်း သွေး လွှတ်ကြောပိတ်ဆို့ရောဂါစွဲကပ်နေသူများ ဖြစ်ပါတယ်။

(၅) နှလုံးခုန်နှုန်းမမှန်ခြင်း
**************************
နှလုံးသားထဲမှာ သွေးအလုံအလောက်မရရှိတဲ့အခါ သွေးတွေကို နှလုံးက အတင်းညှစ်နေရတာကြောင့် နှလုံး ခုန်မမှန်တော့ဘဲ ရင်ခုန်မှုမြန်ဆန်လာပါတယ်။ အကယ် ၍ နှလုံးခုန်ပုံမှန် မဟုတ်ဘဲ ရင်ဘတ်အောင့်၍မူးဝေတဲ့ ဝေဒနာတွေကို တစ်ပြိုင်နက်တည်းမှာခံစားနေရပြီဆိုရင် နှလုံးသွေးကြောပိတ်ဆို့နေပြီဖြစ်လို့ အမြန်ဆုံး ဆေးဝါးကု သမှု ခံယူသင့်ပါတယ်။

မှတ်ချက်
*********
ယခုအခါ ဂျာမနီနိုင်ငံရှိ Essen University မှ ESMR လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာ ရှင်များအတွက် အသင့်တော်ဆုံး ကုထုံးစက်ပစ္စည်းကို တီ ထွင်ထားပါတယ်။ ယနေ့အထိ ကမ္ဘာတစ်ဝန်းလုံး၏ နှလုံး ကုသမှုဌာနပေါင်း ၆ဝကျော်မှာ အသုံးပြုနေကြပြီး မြန်မာ နိုင်ငံမှာလည်း နေပြည်တော်ရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီးမှာ ထိုစက်ကိုတပ်ဆင်ပြီး လူနာများကိုကုသပေးလျက် ရှိပါတယ်။

ESMR (ခေါ်) Extra corporeal Shock-wave Myocardial Revascularzation ကုထုံးဆိုတာ အ သံလှိုင်းတွေကို အသုံးပြုထားခြင်းဖြစ်ပြီး နှလုံးသွေးကြော ပိတ်ဆို့တဲ့နေရာတွေနှင့် ကြွက်သားတွေကို ထိရောက်တဲ့ ထိုအသံလှိုင်းတွေချိန်ရွယ်ပြီးတော့ ထုတ်လွှတ်လိုက်တဲ့အ ခါ နှလုံးသွေးကြော သစ်တွေ ဖြစ်ပေါ်အောင် နှိုးဆွပေးတဲ့ ကုထုံးမျိုးပါ။ ထိုကုထုံးဖြင့် နှလုံးသွေးကြောသစ်တွေဖြစ် ပေါ်လာပြီးတော့ နှလုံးကြွက်သားတွေကို သွေးပြန်ပေး နိုင်လာတာကြောင့် 

(က)ရင်ဘတ်အောင့်တာတွေ သိသိ သာသာဆိုးရွာမှု သက်သာလာခြင်း၊ 
(ခ) အမောမဖောက် တော့ခြင်း၊ 
(ဂ) ရင်ဘတ်အောင့်ချိန် တဖြည်းဖြည်းခြားလာ ခြင်း၊ 
(ဃ) မူလထက်ပိုမို၍ လှုပ်ရှားသွားလာနိုင်ကာ အ မောခံနိုင်လာခြင်း၊ 
(င) Nitrate (ခေါ်)လုံးသွေးကြောကျယ် စေသည့်ဆေးများ သောက်သုံးရန် လိုအပ်မှုလျော့ကျလာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။ 

၎င်းကု ထုံးဟာ မေ့ဆေးထုံဆေးမလို၊ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသခံနိုင်ပါကြောင်းနှင့် ကုသမှုသည် တစ်ကြိမ်လျှင် နာရီဝက်ခန့်ဆောင်ရွက်ရန် လိုအပ်ပြီး ကိုး ပတ်အတွင်း ကိုးကြိမ်ခန့် ကုသမှုခံယူရုံမျှဖြင့် ဖော်ပြပါနှလုံး ကျန်းမာရေးအကျိုးကျေးဇူးများကိုခံစားရနိုင်ပါကြောင်း နှလုံးသွေးကြောပိတ်ဆို့ ဝေဒနာသည်များအတွက် သတင်း ကောင်း ပါးလိုက်ရပါတယ်။

ကိုးကား…(American’s Health Digest)

Thursday 23 July 2015

Android ဖုန်း နှင့် Tablet တွေသုံးထားသောဘော်ဒါတို့အတွက် Facebook ကနေပြီး ဗွီဒီယိုများကို ခပ်မြန်မြန်ဒေါင်းလုပ်ဆွဲနိုင်တဲ့ Android Application ဖြစ်ပါတယ်။ ဒီကောင်လေး၏ ဒေါင်းလုပ်ဆွဲ သုံးပုံစံကတော့
STEP ( 1 )Login your Facebook account.
STEP( 2) Tap the download button on the Facebook video.
နိုပ်ပြီး ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။
နောက်ပြီးတော့
Download any videos from Facebook
Download videos uploaded by you or your Facebook friends;
Download videos in Facebook groups;
Download videos from any Facebook pages. နေရာများမှ ကောင်းကောင်း ဒေါင်းလုပ်ကို ခပ်မြန်မြန်ဆွဲနိုင်ပါတယ်။
အသုံးပြုလိုသူများကတော့ Android OS 2.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး size လေးကတော့ 2.6MB ဖြစ်ပါတယ် ။

"စာရင်းကိုင်တစ်ယောက်၏နောင်တ"

"စာရင်းကိုင်တစ်ယောက်၏နောင်တ"
-------------------------------------
သြော်……စာရင်းကိုင်ဘဝ
ကွန်ပြူတာတစ်လုံးနှင့်
Excel စာရင်း
Software သွင်း၍
ဘ၀ဆုံးပြီ။

ဘောင်ချာများနှင့်
ကိန်းဂဏန်းကြား
အမြင်ေ၀၀ါး
ပါဝါပွား၍
လူဖြစ်ရှုံးပြီ။

လကုန်ရက်ဆို
အလုပ်ပို၍
အချိန်ပိုဆင်းရ
လချုပ်နှိပ်စက်
အိပ်ရေးပျက်ပြီ။

နှစ်ကုန်ပြီဆို
ကြောက်အားပို၍
Ground Stock နှင့်
နှစ်ချုပ်များကြား
နှစ်ပါးသွားကာ
လုံးပါးပါးပြီ။

ပြောသည့်စကား
နားမှာခါးကြ
အလုပ်အား၍
ရစ်သည်ထင်သည်
လူမုန်းများလှ
ဤဘ၀ကို
စိတ်ကုန်မိပြီ။

သို့သောငြားလည်း
စဉ်းစားတွေးကြည့်
အဖြေမရှိပဲ
ရွေးချယ်မိသည့်
ဒီအလုပ်ကို
စမိမှတော့
ဆုံးခန်းတိုင်အောင်
လျှောက်ရအုံးမည်
နောင်တတရား
ရင်မှာထားလျက်……
(H.M)

ရည်းစားဟောင်း ... ဋီကာ

ကြေးစည်ထုတိုင်း
သူ့နာမည်ပါ ရေစက်ချအမျှဝေတယ်
အသစ်လား၊အပြစ်လားတော့မပြောတတ်
အချိုကုန်သွားတဲ့ ပီကယ်လို
ခံစားရတာ ပါးညောင်းလာတယ်

တကယ်ဆို
သူအမြင်မှန်သွားတာ
ကိုယ့်ကိုအားနာသွားတာလည်း ဖြစ်နိုင်ရဲ့
အရင်က ဟန်းဆက်လေးလို
အချိန်ပြည့်ကြည့်နေခဲ့ပေမဲ့
ခုကျ ,
ဦးတည်ချက်လေးရပ်လို
မြင်တာနဲ့ ရစ်ဖို့ပြင်နေတာ

ကိုယ်လည်းအတွေးမှန်သွားတယ်
Android တွေ ခေတ်စားနေတဲ့ခေတ်မှာ
key pad ကို မကိုင်သင့်တော့ဘူးလေ

ရည်းစားဆိုတာ
ဆင်းကဒ်တခုမဟုတ်ဘူး
ဖုန်းကာဗာတခုပဲ
အလဲအထပ်လုပ်နေလေ အမြင်ဆန်းနေလေပဲ

ရည်းစားဟောင်းဆိုတာ . . .
အနီးကပ်ဆုံးရန်သူ
အန္တရယ်အရှိဆုံးလူသားတစ်ဦး
နှစ်ကုန်သွားတဲ့ ပြက္ခဒိန်တခု
ဒိတ်လွန်သွားတဲ့ ဟန်ဘာဂါ
နေကျော်သွားတဲ့ ထန်းရည်
အချည်ပေါက်သွားတဲ့ စပျစ်သီး
မင်းသားခေါင်းကျွတ်သွားတဲ့ ဘီလူး
အပွေးကုန်သွားတဲ့ သနပ်ခါးတုံး
အရွက်မရှိတော့တဲ့ သစ်ကိုင်းခြောက်

ရည်းစားဟောင်းကို . . .
ဈေးကြီးပေးဝယ်ခဲ့ရပေမဲ့
ခြေထောက်ပေါက်နေတဲ့ ဖိနပ်တစ်ရံလို
( ခြေထောက်တော့ အနာမခံပဲ
ဖိနပ်ပဲ စွန့်လွှတ်သင့်တယ်လို့တွေးရမယ်)

ရည်းစားဟောင်းဆိုတာ
အရစ်ပြုန်းသွားတဲ့ ခွေးသွားစိတ်လေးတခုပဲ
ဆက်လည်းသုံးလို့အဆင်မပြေ
လွှင့်ပစ်တော့လည်း မသင့်တော်
ရောင်းစားတော့လည်း တစ်ပိဿာမပြည့်

အကြံပေးပါမယ်
ရည်းစားဟောင်းတွေ စုထားပါ
ပိဿာချိန်ပြည့်မှ ရောင်းစားပါ . . .

ကိုလင်း

ရှမ်းခေါက်ဆွဲ ချက်နည်း


ရှမ်းခေါက်ဆွဲ ချက်နည်း

ရန်ကုန်က ရွှေပဲရွက်တွေ ၀ယ်လာလို့  ရှမ်းခေါက်ဆွဲလေး လုပ်စားဖြစ်ပါတယ်။ ရှမ်းချဉ်အစား ဂေါ်ဖီချဉ်လေးနဲ့ ပြောင်းပြီး တွဲစားပါတယ်။ သူငယ်ချင်းတွေလည်း အိမ်မှာ လုပ်စားလို့ ရအောင် ကဲကဲရဲ့ ရှမ်းခေါက်ဆွဲ ပြင်ဆင်ပုံလေးကို share ပါမယ်ရှင်။

Ingredients:

ဆန်ခေါက်ဆွဲ ၁ထုပ်
မြေပဲဆံလှော် ၅ကျပ်သား
ရှမ်းချဉ် ၅ကျပ်သား
ကြက်သွန်မိတ် ၁စည်း
ငရုတ်သီးဆီကြော်
ပဲငံပြာရည်အပျစ် အနည်းငယ်
တို့ ဖူးကြော်
ဝက်ခေါက်ကြော်
ပဲပုပ်စေ့လှော်ထောင်းပြီးသား အနည်းငယ် (optional)
ပဲရွက် အနည်းငယ်

*ကြက်သွန်ဖြူဆီချက်
ကြက်သွန်ဖြူ ၄မွှာ
တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း
နှမ်းဖြူ အနည်းငယ်

*ကြက်သားဟင်းအနှစ်
ကြက်သားရင်ပုံသား ၂ခု
ကြက်သွန်နီအနေတော် ၄လုံး
ခရမ်းချဉ်သီးအနေတော် ၆လုံး
ကြက်သွန်ဖြူ ၈မွှာ
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၂ဇွန်း
ဆား အနည်းငယ်
ပဲငံပြာရည်အကျဲ ၂ဇွန်း

Preparation Method:

၁) ကြက်သားရင်ပုံသားများကို သန့် စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ ဆားအနည်းငယ်တို့နှင့်  ရောနယ်ပါ။

၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ ကို ပါးပါးလှီးပါ။

၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့် တို့ ထည့်ပြီး ဆီသတ်ပါ။

၎) အနံ့ မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့် ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။

၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။

၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။

၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့်  ကြီုစိမ်ပါ။

၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။

၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။

၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့ နှင့် ပြုတ်ထားပါ။

၁၂) မုန့် ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

ပြင်ဆင်ပုံ

စားနိုင်သလောက် မုန့် ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။

ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။

Credit to KaeKae's FoodPalace

facebook friends SPY . Apk

                               ဖေ့စ်ဘုတ် မှာ သင့်ချစ်သူ က ဘယ်သူ
ကို like ပေးတာ အများဆုံးလဲ 'သင့်ချစ်သူ
ကိုရော ဘယ်သူတွေက like ပေးတာအများ
ဆုံးလဲ .သင့်ချစ်သူက ဘယ်သူနဲ အခင်ဆုံး
လဲ.သင့်ကိုရော ဘယ်သူတွေက Like တွေ
ပေးထားလဲ 'ပြီးတော့ သင့်ရဲ့ facebook
post မှာ like အများဆုံးရထားတဲ့ Postက
ဘယ် post ဖြစ်နိုင်မလဲ စတာတွေကို သိရှိရမှာဖြစ်ပါတယ်"
ကျန်သေးပါတယ်
သင့်ရဲ့ facebook မှာ ၁လ အတွင်း
like ပေးထားသူ အယောက် ၂၀ ကိုလည်း
တွေ့ရမှာ ဖြစ်ပါတယ်" apk sizt ကလည်း 1 MB သာသာဘဲရှိပါတယ်"facebook အသုံးပြု
နေသူတွေအတွက် အရမ်းကောင်းတဲ့ facebookfriendsSPYapkလေးတစ်ခုဖြစ်ပါတယ်"
လိုအပ်ရင်ဒေါင်းယူလိုက်ပါ။
 http://adf.ly/1LEL6f

VivaVideo Pro: Video Editor .Apk

Android ဖုန်းကိုင်းဆောင်ထားတယ်ဘော်ဒါတွေအတွက်မိမိကြိုက်နှစ်သက်တဲ့ video လေးတွေကိုအကောင်းဆုံး တည်းဖြတ်ပေးနိုင်မယ့် VivaVideo Pro: Video Editor ဗားရှမ်သစ်လေးကိုတင်ပေးလိုက်ပါတယ်။video တွေကိုမိမိလိုသလိုအလွယ်တကူတည်းဖြတ်နိုင်ပြီး မိမိကြိုက်တဲ့ video တွေထဲက မိမိကြိုက်နှစ်သက်တဲ့အခန်းလေးတွေကို ဓာတ်ပုံတွေအဖြစ်နဲ့ပါထုတ်နိုင်ပြီး video တွေကိုလဲ mp3 သီချင်းတွေဖြစ်တဲ့ audio တွေအဖြစ်သို့ပြောင်းထုတ်နိုင်ပါသေးတယ် ။ ရီစရာဟာသ Video လေးအဖြစ်လည်း ဓါတ်ပုံများ Video များကိုဖန်တီးပေးနိုင်ပါသေးတယ်။ မိမိကြိုက်တဲ့ effect လှလှလေးတွေနဲ့အလန်းစားလေး ပြင်နိုင်သလို  subtitles အနေနဲ့စာတန်းလေးတွေပါထည့်ထိုးနိုင်ပါတယ် ဒါ့အပြင်ဓာတ်ပုံတွေသီချင်းတွေနဲ့ ဖန်တီးယူနိုင်သလိုလိုင်းထဲကိုလဲတခါတည်းရှယ်နိုင်ပါတယ်။
 

 http://adf.ly/1LEGE0

Secret Video Recorder. Apk



ဒါလေးကတော့လူတိုင်းအသုံးတည့်မယ်လို့ ထင်ပါတယ်...
လူအများမသိအောင် ခိုးရိုက်လို့ရတဲ့video camer လေးပါ
ခေတ်နဲ့အညီ စက်ရုပ်ဖုန်းတွေမှာ မရှိမဖြစ်ဆောင်ထားသင့်ပါတယ်
သုံးရတာအရမ်းလွယ်ကူလို့ မရှင်းပြတော့ဘူး...
လိုချင်ရင်အောက်ကလင့်မှာယူလိုက်ပါ....
အဆင်ပြေပါစေဗျာ

http://adf.ly/1LEEQl

Wednesday 22 July 2015

Black mart. Apk

Playstore မရှိတဲ့ HUAWEI ဖုန်း​တွေမှာ လည်း​ဆောဝဲ​ဒေါင်းဖို့အဆင်​​ပြေတဲ့အပြင်​ Root မရှိပဲနဲ့လည်း အသုံးပြုနိုင်​တယ်​။ Blackmark ကို နည်းပညာသမားတိုင်းသိကြပါတယ်​။ အခု Update ထွက်​လာလို့တင်​လိုက်​တာပါ။ ဖုန်းကို Root စရာလည်းမလို ​ဆောဝဲ​လေးကို Install ပြီးတာနဲ့ ဖွင့်​ပြီး Search ဘားမှာ ကိုလိုချင်​တဲ့​ဆော့ဝဲနာမည်​ကို ရိုက်​ရှာလိုက်​ရုံနဲ့ Free ​ဒေါင်းယူနိုင်​မှာဖြစ်​ပါတယ်​။ Playstore မှ ပိုက်​ဆံ​ပေးရတဲ့​ဆောဝဲ 90%Free ​ဒေါင်းယူနိုင်​မှာဖြစ်​ပါတယ်​။
Android ဖုန်းသုံးသူတိုင်းတကယ်​ ​ဆောင်​ထားသင့်​တဲ့ ​ဆော့ဝဲ​ကောင်းပါ။ Android Version 2.2 အထက်​အားလုံး အသုံးပြုနိုင်​ပါတယ်​။ လိုချင်​သူများ ​အောက်​ကလင့်​မှာဝင်​ဆွဲလိုက်​​နော်​။

 http://adf.ly/1LE0be

ဝိ ပ ဿနာ ဆို တာ ဘာ လဲ

ဝိပဿ နာဘာဝနာ အကြောင်းသိကောင်းစရာ)

***********************************

ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။
စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို
ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။
ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို
ပညတ်အပေါ်ကဖုံးပြီး မြင်နေကြပါတယ်။

အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ် အတိုင်း
မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။
သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း
ကွယ်ထားခြင်း ခံနေရပါတယ်။
အဲဒါတွေက ဘာတွေလဲလို့ဆိုတော့

(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။

(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။

(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။

(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။

ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက်
အမှန်တကယ် အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။

၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ
တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။
ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊
စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊
မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။

ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ်
စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။
နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင်
နာမည်ကပဲ ခိုက်တယ်။
နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး
နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။

ဒါဟာ မူလ (ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊
နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို
မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က
ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။

၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု
တစ်စပ်တည်းမဟုတ်ဘူး။
(အပြတ်တွေ) ဖြစ်ကြပါတယ်။

ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက်အောင်
ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့
တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ
လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင်
မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။
ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။

၃။“သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ”
ကိုတော့ ဒီလိုမှတ်သားရပါမယ်။
ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊
သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။
စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။
အပေါင်းအစုရယ်လို့ မရှိပါဘူး။
ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။
အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့
ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။

၎။ “သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံ” ကတော့
ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊မိန်းမသဏ္ဌာန်၊
ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။
အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။
ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့
တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊
တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။

ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊
ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။
လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေ
လုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့
မြေမှုန့်အစစ်သာ ဖြစ်တယ်။

ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေ
ကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင်
ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး
လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။
အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။

ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊
နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။
သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်းတန်းမိနေတာက
ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို ၊
တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ ၊
သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။
ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။

■“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး
ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး
အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်
အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့
ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်း
ဖြစ်တယ်လို့ပြောရပါမယ်။

ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး
ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက
အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။
ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ
အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။

(တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့
ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။
ဝိပဿနာဟူသည် ဝိ= အထူး၊
ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည်
(ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို
ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။

“ခန္ဓာဒိ သင်္ခတဓမ္မေ၊
အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊
“ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန
ဝိဝိဒံပဿတီတိ ဝိပဿနာ”
(မဟာသတိပဋ္ဌာနသုတ်)ဟူ၍ပြဆိုထားရာ၊
(ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက်
(ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏
(အနိစ္စ) မမြဲခြင်း၊
(ဒုက္ခ) ဆင်းရဲခြင်း၊
(အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့်
အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်
မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။

ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး
အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။
ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့
ညွှတ်တတ်သော သဘောကတစ်မျိုး၊
မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ ၊
သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက်
(နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။

ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို
ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့်ဖြစ်တယ်လို့ စသည်ဖြင့်
အကြောင်းနှင့်တကွ ပိုင်းခြားသိတဲ့ဥာဏ်ကိုတော့
(ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။

ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။
ဒီဥာဏ်နှစ်ပါးကိုရရင် “ စူဠသောတာပန် ” လို့ ခေါ်ပါတယ်။

ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ “ သောတာပန်အငယ်စား ”
လို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့

(၁)။ သမ္မသနဥာဏ်။

(၂)။ ဥဒယဗ္ဗယဥာဏ်။

(၃)။ဘင်္ဂဥာဏ်။

(၄)။ဘယဥာဏ်။

(၅)။ အာဒီနဝဥာဏ်။

(၆)။နိဗ္ဗိဒါဥာဏ်။

(၇)။ မုဉ္စိတုကမျတာဥာဏ်။

(၈)။ ပဋိသင်္ခါဥာဏ်။

(၉)။ သင်္ခါရုပေက္ခဥာစ်။

(၁၀)။ အနုလောမဥာဏ် ဆိုပြီး
ဝိပဿနာဥာဏ်ဆယ်ပါးရှိပါတယ်။

ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က(၁၀)
ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ ၊
အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။

ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။
လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။

“ မဂ်ဥာဏ်သို့ကူးပုံ ”

အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။
အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို “အဘိဓမ္မသင်္ဂဟကျမ်း” မှာ ပြထားတာရှိပါတယ်။
ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင်
ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့
ဂေါတြဘူစိတ်ဖြစ်ပါတယ်။

ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။
ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ
မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။
အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။
အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို
တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။

အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက်
ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။
အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင်
နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။

လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။
သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။
ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင်
ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။
အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။

(၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ
စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】

Dhamma Danã Source ►
【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
www.facebook.com/youngbuddhistassociation.com.mm

မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်